ဒုတိယညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းစစ်ဆေး

သြဂုတ် ၂၅ လှိုင်းဘွဲ

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် (၂၅.၈.၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

        ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် နံနက်(၁၁:၂၀)တွင် ရွှေဂွန်းကျေးရွာအုပ်စု၊ အောက်တောကျေးရွာ ကျောင်းအမြင့်တင်ရေစင်နှင့် ရွာတွင်းကွန်ကရစ်လမ်းကိုလည်ကောင်း၊ (၁၂:၀၀)အချိန်တွင် ရွှေဂွန်းကျေးရွာအုပ်စု၊ ရွှေဂွန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းကိုလည်ကောင်း ကြည့်ရှူ့စစ်ဆေးပြီး ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်များနှင့်တွေ့ဆုံကာ လူထုဗဟိုပြုစီမံကိန်း၏ ဖွံ့ဖြိုးရေးအခြေခံသဘောထားများ ဆွေးနွေးရှင်းလင်းကာ တင်ပြလာသည့် အခက်အခဲများအား လိုအပ်သော အကြံညဏ်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။