လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲများ ကွင်းဆင်းစစ်ဆေး



မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့်အဖွဲ့သည် ရမည်း သင်းခရိုင် ပျော်ဘွယ်မြို့နယ်၌ ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံ ကိန်းလုပ်ငန်းများကို ဇန်​နဝါရီလ ၁၈ရက်​​နေ့က ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၌ မြို့နယ်ဦးစီးဌာနဝန်ထမ်း များ၊လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်း များနှင့်တွေ့ဆုံပွဲပြုလုပ်ပြီး ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အမှားအယွင်းနည်းပါးစွာ ဖြင့်ဆောင်ရွက်နှင့်တွေ့ကြုံရသည့်အခက်အခဲများကို ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ် ဆားတောင်ကျးရွာအုပ်စု အေးသာယာကျေးရွာ၌ လူထုဗဟိုပြုစီမံ ကိန်း တတိယနှစ်စက်ဝန်းပံ့ပိုးငွေ ၂၃၈၅၉၉၀၀ ကျပ် ဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ ၂၂၀၀ ၊ လမ်းအကျယ် ၁၂ ပေနှင့် ထု ရလက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။