ပထမအကြိမ်ကျေးရွာအုပ်စုအစည်းအဝေးကျင်းပ

လှိုင်းဘွဲ၊ဇူလိုင်လ(၁၂)ရက်

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)အတွက် နော်ခလုံးကျေးရွာအုပ်စု အုပ်စုအစည်းအဝေးကို ၂၀၁၉ ဇူလိုင်လ ၁၂ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကိုကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၏ဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ်များလိုအပ်ချက်များ၊ မျှော်မှန်းချက်များဖော်ထုတ်ပေးထားသော ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအစီအစဉ်ပေါ်ထွက်လာရန်ဖြစ်ပြီးဦးစားပေးစီမံကိန်းလုပ်ငန်းခွဲများရွေးချယ်ရန်ကျင်းပကြောင်းသိရသည်။

          ထိုအစည်းအဝေးများကို  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများမှ အစည်းအဝေးများကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါသည်။