ပထမအကြိမ် လက်ထောက်နည်းပညာမှူ းများဖိုရမ်ကျင်းပ

သြဂုတ်လ ၁၃ရက် ၂၀၁၉ 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးတွင်ထည့်သွင်းတင်ပြနိုင်ရေးအတွက် မြို့နယ်အဆင့်ဝန်ထမ်းများ၏ အတွေ့အကြုံများကို ကြိုတင်ရယူနိုင်ရန်အတွက် လက်ထောက်နည်းပညာမှူ းများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို(၁၃-၈-၂၀၁၉)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုုညိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။အဆိုပါဖိုရမ်အား (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လက်ထောက်နည်းပညာမှူးများ(၂၁၆)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။