လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာမှူးများ ပထမအကြိမ်ဖိုရမ်ကျင်းပ

၁၃-၈-၂၀၁၈ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် လက်ထောက်နည်းပညာမှူးများဖိုရမ်ကို (၁၃-၈-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်များမှ ရရှိလာသော ဆွေးနွေးပွဲရလဒ်များအားတင်ပြရှင်းလင်းခဲ့ပြီး၊တက်ရောက်လာသော လက်ထောက်နည်းပညာမှူးများမှ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြပါသည်။ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်နေသော လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးများ၏ အခက်အခဲများ၊မြေပြင်တွင်ရှိသော ပကတိအခြေအနေများကို သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းမြို့နယ်(၂၉)မြို့နယ်မှ လက်ထောက်နည်းပညာမှူးများ(၂၀၄)ဦး တက်ရောက် ခဲ့ကြသည်။