စီမံကိန်းဝန်ထမ်းများအား TOF-2 မွမ်းမံသင်တန်းပြုလုပ်

၂၅ ဇွန်လိုင်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းဝန်ထမ်းများ ဖြစ်ကြသော လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ စုစုပေါင်းသင်တန်းသား (၅၁)ဦးအား စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း အပိုင်း(၂)ကို ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၃)ရက်တာ သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့မှ အဖွင့်အမှာစကားပြောကြားကာ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး နေပြည်တော် သင်တန်းရေးရာပြည်နယ်တာဝန်ခံ ဆရာဦးခိုင်ဇော်မိုးမှ ဦးဆောင်၍ ပြုလုပ်ပေးခဲ့ပါသည်။

            အဆိုပါသင်တန်းတွင် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်တာဝန်ယူ လျက်ရှိသော ကော်မတီဝင်များအား စီမံခန့်ခွဲရေးဆိုင်ရာအချက်အလက်များဖြစ်သော ဝယ်ယူရေးကိစ္စရပ်များ၊ ဘဏ္ဏာရေးကိစ္စရပ်များနှင့် တည်ဆောက်ရေးကိစ္စရပ်များကို စားရင်းဇယားများနှင့်တကွ စနစ်တကျ ထားရှိနိုင်ရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် ထည့်သွင်းစဉ်းစားရမည့် စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများ၊ ကျားမရေရာကိစ္စရပ်များနှင့် ဝေဖန် အကြံပြုတိုင်ကြားချက်စနစ်များအားဖြင့် ကျေးရွာမှ ပိုင်ရှင်စိတ်ဓါတ်များရှိလာစေရန် ရည်ရွယ်၍ သင်တန်းပေးလျက်ရှိပါသည်။