ဒုတိယညွှန်ကြားရေးမှူး(ရုံးချုပ်)ကွင်းဆင်း

လှိုင်းဘွဲ သြဂုတ် ၆

            စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)သို့ ဒုတိယညွှန်ကြားရေးမှူး(ရုံးချုပ်) ဦးဝင်းမင်းဦးသည် (၆.၈.၂၀၁၉) ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

            ဒုတိယညွှန်ကြားရေးမှူး(ရုံးချုပ်)သည် ဂျို့ချောင်းအုပ်စု ဂျို့ချောင်းကျေးရွာ၊ တဝန်ဖန်ရအုပ်စု တဝန်ဖန်ရကျေးရွာ၊ ကော့လန်စူးကျေးရွာနှင့် နောင်နေကျေးရွာများသို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကိုလည်ကောင်း ကြည့်ရူ့စစ်ဆေးပြီး ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျေးရွာများမှ တင်ပြလာသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။