စီမံကိန်းမြို့နယ်များသို့ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲ စာအုပ်များဖြန့်ဝေခြင်း

လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ရာတွင် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်၊ မည်သည့်လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရမည်၊ မည်ကဲ့သို့ စီမံခန့်ခွဲရမည်၊ မည်သည့် တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်ရမည်၊ စီမံကိန်းက မည်သည့်ရလဒ်များ မျှော်မှန်းဆောင်ရွက်သည် စသည့် အချက်များအားလုံးကို စီမံကိန်းလက်စွဲ စာအုပ်တွင် အသေးစိတ်ဖော်ပြထားသည်။ စီမံကိန်းလက်စွဲ ပြုစုရာတွင် စီမံကိန်းအကောင်အထည်ဖော်သည့် အဖွဲ့အစည်းများကသာ တာဝန်ယူ ရေးဆွဲထားခြင်းမဟုတ်ဘဲ အခြား အစိုးရဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစား၍ ရေးသား ပြုစုထားခြင်း ဖြစ်သည်။

စီမံကိန်း ပထမနှစ် အကောင်အထည်ဖော်ပြီးသည့်အချိန်တွင် တစ်နှစ်တာအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများအား ပြန်လည် သုံးသပ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်သူ အားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲမှ ရရှိသည့် အကြံပြုချက်များအား ထည့်သွင်း စဉ်းစားခြင်းဖြင့်လည်းကောင်း စီမံကိန်းလက်စွဲစာအုပ်ကို ပြန်လည် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။

စီမံကိန်းလက်စွဲစာအုပ်သည် ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တာဝန်ရှိသူ များ၊ လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးများအတွက်သာမက ကျေးရွာအုပ်စု/ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့်သူအားလုံးအတွက်ပါ အရေးပါသည့် ပင်မလက်စွဲ စာအုပ်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းဒုတိယနှစ် (၂ဝ၁၄−၂ဝ၁၅) ခုနှစ်တွင် ကိုင်တွယ် အသုံးပြုနိုင်ရန်အတွက် စီမံကိန်းလက်စွဲစာအုပ်များကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပုံနှိပ်ထုတ်ဝေ၍ ပြည်ထောင်စုအဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာကော်မတီဝင်များအထိ လုံလောက်စွာ ဖြန့်ဝေပေးခြင်းဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်မှုရှိစေရန် ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် လူထုစည်းရုံးရေးမှူးများအနေဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ စီမံကိန်းအကောင်အထည်ဖော်ခြင်း လုပ်ငန်း တာဝန်များကို ကူညီဆောင်ရွက်ရာတွင် အဆိုပါ စီမံကိန်းလက်စွဲစာအုပ်အား အလွယ်တကူ အသုံးပြုနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်နေချိန်တွင် အကိုးအကားပြုလို၊ သိလိုသည့်အချက်များ ရှိပါက အလွယ်တကူ လမ်းညွှန်ပေးနိုင်ရန်အတွက် လည်းကောင်း၊ အခြား စိတ်ပါဝင်စားသူများအနေဖြင့်လည်း စီမံကိန်း လက်စွဲစာအုပ်ကို အလွယ်တကူ ရယူအသုံးပြုနိုင်ရန်အတွက် လည်းကောင်း၊ စီမံကိန်း၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို စိတ်ပါဝင်စားသူများထံ အလွယ်တကူ ဖြန့်ချိနိုင်ရန်အတွက်လည်းကောင်း ပုံနှိပ်စာအုပ်သာမက Android Devices များအတွက်လည်း Application အဖြစ်အေက်ပါ Download Links များမှ ရယူအးသုံပြုနိုင်ပါသည်။

# Android Devices များအတွက် Application ရယူရန်

http://bit.ly/1vkak8W

# လူထုဗဟိုပြုစီမံကိန်းလက်စွဲ အတွဲ(၁) PDF File ရယူရန်

http://bit.ly/1DwGW26

# လူထုဗဟိုပြုစီမံကိန်းလက်စွဲ အတွဲ(၂) PDF File ရယူရန်

http://bit.ly/1COOgmQ