ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ

လှိုင်းဘွဲမြို့ မတ် ၅

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) ထားသိမ်ကျေးရွာအုပ်စု ထားသိမ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအား  ၅.၃.၂၀၁၉ ရက်နေ့ နံနက် ၈:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လှိုင်းဘွဲမြို့နယ် မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် ထားသိမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါင်းညိုတို့မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်၊ ထားသိမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါင်းညိုနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဉက္ကဌ ဦးစိန်လုံတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

          အဆိုပါလမ်းသည် အရှည် ၁၉၄၄'×အကျယ် ၁၀'× အမြင့် ၆" ဖြစ်ပြီး စီမံကိန်းထောက်ပံ့ ငွေ ၂၁၁၂၀၀၀၀ ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ ၁၆၈၀၀၀၀ ကျပ်ဖြင့် ၁၅.၁၂.၂၀၁၈ ရက်နေ့တွင် စတင်ကာ ၂၁.၂.၂၀၁၉ ရက်နေ့တွင် ပြီးစီးကြောင်းသိရပါသည်။