သတင်းပြန်ကြားဆက်သွယ်ရေးနှင့်မှတ်တမ်းဓာတ်ပုံပြခန်း အားစည်းကားစွာပြုလုပ်

လွိုင်ကော်၊ သြဂုတ် (၅)

               လူထုဗဟိုပြုစီမံကိန်းအကြောင်း အများပြည်သူလူထုများမှ ထဲထဲဝင်ဝင်သိရှိလာစေရန်၊စီမံကိန်းဝန်ထမ်းများနှင့် လူထုတို့ထိတွေ့ဆက်ဆံမှုအားကောင်းလာကာ အပြန်အလှန်နားလည်မှုတိုးတက်လာစေပြီးစီမံကိန်းတွင်အတူတကွပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် သတင်းပြန်ကြားဆက်သွယ်ရေး၏အခန်းကဏ္ဍတစ်ခုအနေဖြင့်ကူညီပံ့ပိုးဆောင်ရွက်ခြင်းဖြင့် စီမံကိန်းအကြောင်းထိရောက်စွာဖြင့်အသိပညာများဖြန့်ဝေနိုင်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရန် ရည်ရွယ်၍ (၅.၈.၂၀၁၉) ရက်နေ့တွင် ကယားပြည်နယ်၊လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓာတ်ပုံပြခန်းအား လွိုင်ကော်မြို့၏ရက်သတ္တပတ် လူစည်ကားရာနေရာများအနက်မှ တစ်နေရာဖြစ်သောနောင်ယားဈေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              ထို့သို့ကျင်းပပြုလုပ်ခဲ့ရာတွင် အများပြည်သူလူထုတို့မှအထူးစိတ်ဝင်စားမှုရှိခဲ့ ကာပြခန်းသို့လာရောက်ကြည့်ရှုသူများနှင့် မေးခွန်းများလာရောက်ဖြေဆိုသူများဖြင့်စည်ကားလျက် စီမံကိန်းမှ မေးခွန်းများမေးမြန်းခြင်း၊မှန်ကန်စွာဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များဖြစ်သော CDD အမှတ်တံဆိပ်များပါရှိသည့် ကျောပိုးအိတ်၊ မိုးကာအကျီၤ၊ တီရှပ်၊  ဦးထုပ်စသည်တို့အားပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။