ကချင်ပြည်နယ် မိုး‌ကောင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း လူထုစစ်ဆေးပွဲအား မြို့နယ်လုံးကျွတ် ဆောင်ရွက်ပြီးစီး

NCDDP’s Socil Audit for Fourth Year Project Cycle Activities Completed in Mogaung

Kachin, 15 October 2020, Development News TV

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်းကို ကျေးရွာပေါင်း ၇၉ ရွာတွင် လုပ်ငန်းခွဲပေါင်း ၁၁၁ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းခွဲများ အားလုံး ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

လုပ်ငန်းခွဲများ ပြီးစီးခြင်းနှင့် လုပ်ငန်း အသုံးစရိတ်နှင့် အထွေထွေ အသုံးစရိတ်များ သုံးစွဲမှု၊ ပစ္စည်းများ ဝယ်ယူခြင်း၊ လုပ်အားခများ ပေးချေခြင်း၊ အစရှိသည့် စာရင်းဇယားများနှင့် Infra ဌာနအား စစ်ဆေးပြီး၊ စုံလင်ပါက ကျေးရွာ လူထုအား အဆိုပါ စာရင်း ဇယားများ ရှင်းလင်း ချပြ နိုင်ရန် အတွက် လူထု စစ်ဆေးပွဲကို ကျင်းပ ဆောင်ရွက်ခွင့် ပြုလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်နေ့ က ဆားမှော် ကျေးရွာ အုပ်စု၊ ဆားမှော်ကျေးရွာ တွင် နေ့လည် ၁၁ နာရီ အချိန်က လူထု စစ်ဆေးပွဲနှင့် ကျေးရွာ ဘက်စုံသုံး ခန်းမဖွင့်ပွဲအား ကျင်းပ ပြုလုပ်ရာ မြို့နယ် ဦးစီးမှူး ဦးရဲနိုင်ထွန်း၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် စာရင်း ဇယားများအား ကြည့်ရှု့ စစ်ဆေးခြင်း၊ ကျေးရွာ ကော်မတီ ဝင်များနှင့် ရပ်မိ ရပ်ဖများ စီမံကိန်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဆားမှော် ကျေးရွာ အုပ်စု၊ ဆားမှော်ကျေးရွာ တွင် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း၊ ခန်းမ ခြံစည်းရိုး ကာရန်ခြင်းနှင့် သန့်စင်ခန်း တည်ဆောက်ခြင်း၊ ကျေးရွာ အားကစားကွင်း ပြုပြင်ခြင်း စသည့် လုပ်ငန်းခွဲ ၃ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၈၄၃ သိန်း၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၄,၅၆၅,၀၀၀ စုစုပေါင်း လုပ်ငန်းခွဲ ၃ ခုအတွက် ကုန်ကျငွေပေါင်း ၈၈,၈၆၅,၀၀၀ ကျပ် ဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဆားမှော်ကျေးရွာတွင် ဆောင်ရွက်တဲ့ လူထု စစ်ဆေးပွဲမှာ စတုတ္ထနှစ် စက်ဝန်း၏ ၇၉ ရွာမြောက် လူထု စစ်ဆေးပွဲ ဖြစ်ပါကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းထံမှ သိရှိရပါတယ်။

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/382968562741749