ပျဉ်းမနားမြို့နယ်လူထုဗဟိုပြုစီမံကိန်း( တတိယ)နှစ်စက်ဝန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၂၅ ရက်

   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ပျဉ်းမနားမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယ)နှစ်စက်ဝန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို(၂၅.၇.၂၀၁၉)ရက်နေ့ နံနက် ၉နာရီတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

  အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်မှ အဖွင့်အမှာစကားပြောကြား ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းသည် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် ၂၀၁၃ခုနှစ်မှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေထိ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်း အပါအဝင် မြို့နယ်ပေါင်း(၆၃)မြို့နယ် အထိဆောင်ရွက်လျက်ရှိကြောင်း၊နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ ၂၀၁၅ ခုနှစ်တွင် တပ်ကုန်းမြို့နယ်၊၂၀၁၆ခုနှစ်တွင် လယ်ဝေးမြို့နယ်၊၂၀၁၇ခုနှစ်တွင် ပျဉ်းမနားမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်းအနေဖြင့် ကျေးရွာ ကော်မတီများဖွဲ့စည်းရာတွင် ကျား၊မ အချိုးညီစွာပါဝင် ဖွဲ့စည်းထားပြီး၊အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ ပွင့်လင်းမြင်သာမှုကောင်းမွန်လာစေရန်၊ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်လာစေရန်တို့ကို တွေ့ရှိရကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 ထို့နောက်တွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်မှ အမှာစကား ပြောကြားပါသည်။ဆက်လက်၍ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး တိုင်း ဦးစီးမှူး ဦးဌေးဝင်းမှ လူထုဗဟိုပြုစီမံကိန်းမှာ ကျေးလက်နေပြည်သူများ အဆင့်အတန်းမြင့်မား စေရေး၊နည်းပညာဗဟုသုတများကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ကျေးရွာလူထုများမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ရသော လူထုဗဟိုပြုစီမံကိန်းဖြစ်သောကြောင့် (၁)နှစ်တာ ဆောင်ရွက်ချက်များကို မြို့နယ်အဆင့်ပြန်လည်သုံးသပ်ခြင်းဖြစ်ကြောင်း၊အကောင်အထည်ဖော် ဆောင်ရွက်သောစီမံကိန်းလုပ်ငန်းခွဲများကို လည်ပတ်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်ကို သေချာရေးဆွဲ ထားရန်လိုအပ်ကြောင်းနှင့် ဒီမိုကရေစီစံနှုန်းနှင့် အညီဒီဇိုင်းရေးဆွဲထားသော စီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ဦးတင်မောင်ဦးမှ မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ယင်းနောက်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) လုပ်ငန်းများ ဆောင်ရွက် နေသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ကျေးရွာလူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ မရှင်းလင်း သည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

 ဆက်လက်၍ အစည်းအဝေးတက်ရောက်သူ ကျေးရွာလူထုအား အုပ်စု(၆)ခုအားအုပ်စုဖွဲ့ဆွေးနွေးစေခဲ့ ပါသည်။ထို့နောက်ပျဉ်းမနားမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးအောင်မှ ဆုရွေးချယ်မှု အစီအစဉ်အားရှင်းလင်းတင်ပြခဲ့ပါသည်။ ကျေးရွာအဆင့်(ပထမ)ဆု ကို ကိုးကျေးရွာ၊ကျေးရွာအဆင့်(ဒုတိယ)ဆုကို မြသာကျေးရွာ နှင့် ကျေးရွာအဆင့် (တတိယ)ဆုကို အောင်ဘိတ်သိတ်ကျေးရွာများမှ ရရှိခဲ့ပြီး၊ကျေးရွာအုပ်စုအဆင့်(ပထမ)ပြည်ထောင်ကိုး ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုအဆင့် (ဒုတိယ) ဆုကို ဘန့်ဘားကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်စုအဆင့်(တတိယ)ဆုကို ငကောင်းကံကျေးရွာအုပ်စုတို့မှ ရရှိခဲ့ပါသည်။

  နိဂုံးချုပ်အမှာစကားကို ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်မောင်ဦးမှ ပြောကြားခဲ့ပြီး အခမ်းအနားကိုညနေ(၃)နာရီတွင် အောင်မြင်စွာရုတ်သိမ်း ခဲ့ပါသည်။

 အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်၊ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီး မှူး ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးလှထွေး၊နေပြည်တော် လူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးတင်မောင်အေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူထုဗဟိုပြုစီမံကိန်းကော်မတီဝင် များ တက်ရောက်ကြောင်းသိရှိရပါသည်။