လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှုးများ မွမ်းမံသင်တန်း တွန်းဇံမြို့နယ်တွင် ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်းအပိုင်း(၁) ဖွင့်ပွဲအခမ်းအနားကို (၂၈.၁.၂၀၂၀)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် တွန်းဇံမြို့၊ RC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြို့နယ်ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်နှင့်ဒု-ဦးစီးမှူး ဦးထောင်ဆွင်းမုန်တို့မှ အမှာစကားပြောကြားခဲ့ကြရာ တွန်းဇံမြို့နယ်စီမံကိန်းဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းခဲ့သည့်အတွက် ဦးစီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်လာမည့် စီမံကိန်းစက်ဝန်းများတွင်လည်း အတူတကွ လုပ်ဆောင်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ မွမ်းမံသင်တန်းပေးရသည့် ရည်ရွယ်ချက်များ၊ တတိယနှစ်စက်ဝန်းအတွက် မွမ်းမံသင်တန်းဖြစ်သည့်အတွက် ယခင်နှစ်များမှ သင်ခန်းစာအတွေ့အကြုံများကိုရယူပြီး ယခုလာမည့်စက်ဝန်းတွင် ပိုမိုကောင်းမွန်ရေး စနစ်တကျ လုပ်ဆောင်ကြပါရန်ပြောကြားခဲ့သည်။

စည်းရုံးရေးမှူးများ မွမ်းမံသင်တန်းအပိုင်း(၁)ကို (၂၈.၁.၂၀၂၀)ရက်နေ့မှ (၁.၂.၂၀၂၀)ရက်နေ့ အထိပြုလုပ်မည်ဖြစ်ပြီး လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများ (၃၇)ဦးတက် ရောက်ခဲ့ကြပါသည်။