ပညာရေးဆိုင်ရာ အဆောက်အဦးများအား ကယားပြည်နယ်တွင် လွှဲပြောင်းပေးအပ်

ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) ပြည်နယ်အဆင့် ပညာရေးဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်ရာပညာရေး ဌာနသို့

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင်

ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာ အဆောက်အဦးများအား သက်ဆိုင်ရာပညာရေး

ဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ပညာရေးဌာန တာဝန်ရှိသူမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊

ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စီမံကိန်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။