လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ငါန်းဇွန်မြို့ မိုးသိင်္ဂ ီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြတ်သူက ငါန်းဇွန်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို Video Clipဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများကို အုပ်စုခုနှစ်စုခွဲ၍ အဖွဲ့လိုက်ဆွေးနွေးကာ ဂျူရီအဖွဲ့က ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံးလုပ်ဆောင်မှု ဆုရွေးချယ်ကြသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် အဖွဲ့လိုက်ဆွေးနွေးချက်များကို တစ်ဖွဲ့ချင်းစီကလည်းကောင်း၊ ဂျူရီအဖွဲ့ဝင်တစ်ဦးဖြစ်သော မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်ဦးက ဆုရွေးချယ်မှု အစီအစဉ်ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဆုကြေငြာကာ ကျေးရွာ၊ ကျေးရွာအုပ်စုအလိုက် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်တို့က ဆုချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဦးသန်းနိုင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။