လူထုဗဟိုပြုစီမံကိန်းဖြင့်ဆောင်ရွက်သည့် ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင် ငါန်းဇွန်တွင်တည်ဆောက်ပြီးစီး

  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ႓ာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းပံ့ပိုးငွေဖြင့် ဆောင်ရွက်သည့် ဇမ္ဗူသီရိ အစည်းအဝေး ခန်းမဆောင်ကို မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ထနောင်းပင်ကျေးရွာတွင် တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါခန်းမဆောင်မှာ အလျားပေ ၆၀၊ အနံပေ ၄၀ နှင့် အမြင့် ၁၂ပေရှိ RC တစ်ထပ် အဆောက်အအုံဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် မတ် ၁၆ ရက်ကစတင်ကာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များကိုယ်တိုင် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဇွန် ၁၀ ရက်တွင် တည်ဆောက်ခြင်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း လူထုစည်းရုံးရေးမှူး ဒေါ်စိုးစိုးစံကပြောသည်။

ထနောင်းပင်ကျေးရွာတွင် အိမ်ခြေ ၁၃၈ အိမ်၊ လူဦးရေ ၆၃၇ ဦးခန့်ရှိပြီး ဒေသခံကျေးရွာနေ ပြည်သူလူထု၏ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်နိုင်ရန်အတွက် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ပံ့ပိုးငွေကျပ် ၂၈၉ သိန်းကျော်နှင့် ကျေးရွာလူထု လုပ်အားခတန်းဖိုး ထည့်ဝင်ငွေကျပ် ငါးသိန်းတို့အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)