မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်​း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ညောင်ဦးမြို့၊အောင်မြေသာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်​းပပြုလုပ်

(၁၀.၇.၂၀၁၉)

စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်​​ဆည်​​မြောင်းဝန်​ကြီးဌာန၊ ​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့်​ ကမ္ဘာ့ဘဏ်​တို့ ပူး​ပေါင်း​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​လျက်ရှိ​သော လူထုဗဟိုပြုစီမံကိန်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၏ စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို (၁၀.၇.၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့၊အောင်မြေသာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်​လျက်ရှိသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်မှ အမှာစကား ပြောကြားခြင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ ညောင်ဦးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးဦးမှ ညောင်ဦးမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပက်သက်ပြီး အားနည်းချက်၊ အားသာချက်များအား ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် အုပ်စု(၇)စုဖွဲ့ ဆွေးနွေးကြမည်ဖြစ်ပြီး ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်အတွင်း စီမံကိန်းလုပ်ငန်းအကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စုနှင့် ကျေးရွာများအား ဆုချီးမြင့်သွားမည်ဖြစ်သည်။

အစည်းအဝေးပွဲတွင်​ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်​ရာအသီးသီးမှ ဝန်ထမ်းများ​၊ ရပ်မိရပ်ဖများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ NGO များ၊ CSOများ၊ မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း (၄၅၀)ဦးခန့် တက်​​ရောက်​ ​ကြသည်။