လွိုင်ကော်-ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ်စက်ဝန်း ၏ပထမဦးဆုံး အကြိမ် လူထုစစ်ဆေးပွဲကျင်းပ

 

ကယားပြည်နယ်၊လွိုင်ကော်-ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ် စက်ဝန်း၏ ပထမဦးဆုံးအကြိမ်အဖြစ် ကျေးရွာလူထုစစ်ဆေးပွဲအား လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စု၊ ကယားညေးခူကျေးရွာ၏ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း စီမံကိန်းထောက်ပံ့ငွေကျပ်(၆၆)သိန်း၊ လူထုထည့်ဝင်ငွေကျပ်(၅၅.၆၃၇၀၀)သိန်း၊ စုစုပေါင်း ငွေကျပ်(၁၂၁.၆၃၇၀၀/-)သိန်း ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ လူထုစစ်ဆေးပွဲအခမ်းအနားအား (၃၁.၁.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံကိန်းတာဝန်ခံ ဦးတင်ကိုလတ်၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နော်ဂျူးလစ်နှင့်အတူ International CDD Specialist Mr.Peter Ellis Brian Deutrom၊ DRD Counter Parts၊ TTA ၊ CF/TFs များဖြင့် ကျေးရွာသူ/သားများနှင့် အတူအောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါသည်။