ဝယ်ယူရေး မွမ်းမံသင်တန်းဖွင့်

ဇူလိုင် ၂၅ လှိုင်းဘွဲမြို့

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်း၏ ဝယ်ယူရေးလုပ်ထုံးလုပ်နည်းနှင့် နည်းလမ်းများကို မှန်ကန်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဝယ်ယူရေးမွမ်းမံသင်တန်းကို စည်းရုံးရေးမှူးများအား (၂၅.၇.၂၀၁၉) ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ စီမံကိန်းဝယ်ယူရေးတာဝန်ခံ ဦးအောင်ကိုကို မှ ဆွေးနွေးပို့ချကြောင်း သိရပါသည်။