ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနားပြုလုပ်ခြင်း

ဇူလိုင်(၂၃) သာပေါင်း

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်  လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်း အနားကို (၂၃.၇.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန် သာပေါင်းမြို့၊ အ.ထ.က သော်ကခန်းမ၌ ကျင်းပ ပြုလုပ်လျက်ရှိသည်။

  အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းမှ  အဖွင့်အမှာစကားပြောကြားရာတွင်  လူထုဗဟိုပြု စီမံကိန်းအနေဖြင့်  လမ်း၊ တံတား၊ ရေ၊ မီး စသည့်အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော စီမံကိန်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးမှ ကျေးရွာလူထုအနေဖြင့် စီမံကိန်းမှရရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်သိမှု၊ တာဝန်ရှိမှုအပြည့်ဖြင့်ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း  ပြောကြားခဲ့ပါသည်။

   ဆက်လက်၍  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်းမှ လူထုဗဟိုပြုစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် ရလာဒ်များအား ဌာနဆိုင်ရာ အဆင့်အဆင့်သို့ မည်ကဲ့သို့ချပြဆောင်ရွက်ကြောင်းနှင့် သုံးသပ်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဦးဟန်မင်းစိုးမှ စီမံကိန်းစက်ဝန်းအတွင်း စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုနောက် ဆွေးနွေးပွဲတက်ရောက်လာသောကျေးရွာကော်မတီများအား အုပ်စု (၇) အုပ်စုခွဲ၍ ခေါင်းစဉ် (၇) ခုဖြင့် အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်ကောင်းများထွက်ပေါ်လာစေရန် ဆွေးနွေးစေခဲ့ပါသည်။ ထိုသို့ဆွေးနွေးနေစဉ်တွင် တက်ရောက်လာသောဌာနဆိုင်ရာများမှ ဆုရကျေးရွာအုပ်စု၊ ကျေးရွာ များအား စံနှုန်းများနှင့် ရွေးချယ်စေခဲ့ပါသည်။ အုပ်စုဖွဲ့ဆွေးနွေးချက်များအား  အုပ်စုကိုယ်စားလှယ်အသီးသီးမှ ရှင်းလင်းတင်ပြပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ကျေးရွာအုပ်စုအနေဖြင့် ငဝန်ကြို့ကုန်းအုပ်စုမှ ပထမ၊  ငှက်ပျောတောအုပ်စုမှ ဒုတိယနှင့် ရှင်ကြီးပျောက်အုပ်စုမှ တတိယဆု ဖြင့်လည်းကောင်း ကျေးရွာအနေဖြင့် ကယားကုန်းကျေးရွာမှ ပထမ ၊ ကသစ်တန်းကျေးရွာမှ  ဒုတိယနှင့် ရှောမြာကုန်းကျေးရွာမှ တတိယဆုဖြင့် လည်းအသီးသီးရရှိခဲ့၍တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး  ဦးသန့်ဇော်လွင်မှ နိဂုံးချုပ်စကားပြာကြားပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။