ပေါက်မြို့နယ် စည်သာကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ပေါက် ဇွန်  ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ စည်သာကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းဆောက်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဝန်း အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က စာသင်ကျောင်းဆောင် တိုးချဲ့ပြုပြင် ဆောင်ရွက်ခဲ့မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် စာသင်ကျောင်းဆောင်တိုးချဲ့ပြုပြင်ခြင်းဖွင့်ပွဲမုုဒ်ဦးကို  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် နှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင် အလျား ၉၀ ပေ အနံ ၃၀ ပေ အမြင့် ၁၂ ပေ ပြုပြင်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၂၃၅ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၄ သိန်းဖြင့် လည်းကောင်း၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။   စိုးမိုးကျော် 09.256087268