တွန်းဇံမြို့နယ် ဆိုင်ပီးမွှာလ်ကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင်နှင့် ရေရရှိရေး လုပ်ငန်းခွဲများ ဆောင်ရွက်မည်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) အရ ဆိုင်ပီးမွာလ် ကျေးရွာအုပ်စု ဆိုင်ပီးမွှာလ်ကျေးရွာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ (TPIC) မှ ခွင့်ပြုလိုက်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်နှင့် ရေရရှိရေးလုပ်ငန်းခွဲများအား ကျေးရွာလူထုထံသို့ ပြန်လည်ချပြ အသိပေးခြင်းကို ၂၀၂၀ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

စီမံကိန်း လုပ်ငန်းခွဲများကို Covid-19 ကူးစက်ရောဂါ ဖြစ်ပွားမှု ကာလအတွင်း ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများနှင့် စီမံကိန်း၀န်ထမ်းများ ဘေးကင်းစေရေးအတွက် လူစုလူဝေး ဖြင့် အစည်းအဝေး မပြုလုပ်ပဲ၊ ကျေးရွာနေ အများပြည်သူ သိရှိ နိုင်ရန် TPIC မှ ခွင့်ပြုစာများကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားခြင်း၊ လော်စပီကာကို အသုံးပြု၍ ဒေသခံ ဘာသာစကားဖြင့် အသိပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်မှု တစိတ်တပိုင်း အနေဖြင့် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အသိပညာ များကို ကျေးရွာကော်မတီဝင်များထဲမှ ရွေးချယ်ထားသူ ၄ ဦးအား မြို့နယ် ညှိနှိုင်းရေးမှူးများ (TF) ၊ လူထု ညှိနှိုင်းရေးမှူးများ (CF) မှ သင်ကြား ပို့ချပေးခဲ့ပြီး၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လတ်တစ်လော ကာလအတွင်း သက်ဆိုင်ရာ ဒေသအတွင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန်အတွက် လည်း လမ်းညွှန်မှာကြားခဲ့ပါသည်။

Tonzang CDD