ကျေးရွာလူထုအားလုံးပူးပေါင်းပါဝင်သော အစည်းအဝေးပြုလုပ်ခြင်း

၈ ဇွန်လိုင်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာလူထုပူးပေါင်းပါဝင်သည့် ပထမအကြိမ်နှင့်ဒုတိယအကြိမ် အစည်းအဝေးကို ကော့နွဲကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် (၈.၇.၂၀၁၉) ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါ အစည်းအဝေးတွင် လူထုဗဟိုပြုစီမံကိန်းအကြောင်း မိတ်ဆက်ခြင်း၊ စီမံကိန်းစက်ဝန်းအတွင်းရှိ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာ စေတနာ့ဝန်ထမ်း ရွေးချယ်ခြင်း၊ လူမှုစမ်းစစ်ခြင်း(PRA Tools)များ ပြန်လည်ရေးဆွဲခြင်း၊ ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်အတည်ပြုခြင်းနှင့် ယခုနှစ်အတွက် ကျေးရွာကိုယ်စား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်မည့် ကော်မတီဝင်များအား ပြန်လည်ရွေးချယ်ခြင်း အစရှိသော လုပ်ငန်းစဉ်များကို လက်ထောက်နည်းပညာမှူး ဆရာမနန်းစန္ဒာစိုးမှ ဦးဆောင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။