ဆောမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား မ​ကွေးတိုင်​းဝန်​ကြီးချုပ်​​တက်​​ရောက်​

​ဆော ဇူလိုင်​ ၇
 
စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင်​့​ဆည်​​မြောင်​းဝန်​ကြီးဌာန၊ ​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင်​့ ကမ္ဘာ့ဘဏ်​တို့ ပူ​း​ပေါင်း​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​လျက်ရှိ​သည်​့ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်လူထုဗဟိုပြုစီမံကိန်​း တတိယနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယ​နေ့နံနက်​(၉)နာရီအချိန်​က ဆောမြို့၊ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ကျင်​းပပြုလုပ်​ခဲ့​ကြောင်​းသိရသည်​။
 
​ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင်​့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြာရေးမှူ းချုပ် ဦးခန့်ဇော်တို့ အမှာစကားပြောကြားခဲ့သည်​။
 
ဆက်လက်၍ ဆောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်သီရိဇင်မင်း မှ ဆောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မှု အခြေအနေများအား တင်​ပြခဲ့သည်​။
 
ထို့​နောက်​ ​ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ စီမံကိန်း တတိယ နှစ် စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပက်သက်ပြီး အားနည်းချက်၊ အားသာချက်များအား ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် အုပ်စု(၇)စုဖွဲ့ ဆွေးနွေးခဲ့ကြပြီး ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်အတွင်း စီမံကိန်းလုပ်ငန်းအကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စု(၃)အုပ်စု​နှင့် ကျေးရွာ(၃)များအား တာဝန်​ရှိသူအသီးသီးက ဆုချီးမြင့်​ပေးခဲ့ကြသည်​။
 
​အစည်းအဝေးပွဲတွင်​ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်​ရာအသီးသီးမှ ဝန်ထမ်းများ​၊ ရပ်မိရပ်ဖများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းမျျား၊ NGO များ၊ CSOများ၊ မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူ းများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း (၅၀၀)ဦးခန့် တက်​​ရောက်​ခဲ့ကြ​ကြောင်​းသိရသည်​။