နိုင်ငံခြားသားပညာရှင်များနှင့် ကျေးရွာလူထုတွေ့ဆုံ

ဒီးမော့ဆိုမြို့ နိုဝင်ဘာလ (၁၉)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) ဒီးမော့ဆိုမြို့၊ ဒေါတော်ကူးကျေးရွာနှင့် ကုန်းသာကျေးရွာများရှိ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာလူထု များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းအတွေ့အကြုံများ၊ အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများ၊ ကော်မတီစီမံခန့်ခွဲမှုများ၊ ပံ့ပိုးငွေခွဲဝေသုံးစွဲမှုများ၊ လူထုဗဟိုပြု စီမံကိန်းပြီးဆုံးသည့်နောက်ကာလများတွင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် စီစဉ်ထား ရှိမှုများနှင့်ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်လိုအပ်ချက်များအား အပြန်အလှန်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။