ပြည်နယ်စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များထည့်သွင်းလျာထားရေးဆွဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၉ ဇူလိုင် လ. ၄ ၇က်

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံမှ လူထုဗဟိုပြုစီမံကိန်းတွင် Township VDP Integration Workshop  ဆောင်ရွက်နေမှုများအား  Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း ၊ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ သိလိုသည်များမေးမြန်းခြင်း၊  ပူးပေါင်းပါဝင်ဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းဖြင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြှောက်ခဲ့ပါသည်။