မောက်မယ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လုပ်ငန်းခွဲပေါင်း ၇၈ ခု ဆောင်ရွက်ပြီးစီး

Some 78 Sub-project Activities Completed in Mawkmai for NCDDP’s Second Year Project Cycle

Shan, 15 October 2020, SkyNet Media Coverage

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာအုပ်စုပေါင်း(၈) အုပ်စု၊ ကျေးရွာပေါင်း(၁၀၃) ရွာမှ စီမံကိန်း လုပ်ငန်းခွဲ ပေါင်း (၇၈) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ရံပုံငွေ ကျပ်သန်း ၅၃၄ သန်းနဲ့ လမ်းလုပ်ငန်း ၂၈ ခု၊ တံတားလုပ်ငန်း ၆ ခု၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အဦး ၃ ခု၊ ရေပေးရေးလုပ်ငန်း ၁၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၀ ခု၊ ကျေးရွာခန်းမဆောင် လုပ်ငန်း ၁၆ ခုနှင့် အခြား (အုတ်ရေမြောင်း) ၁ ခု တို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရှိ လူဦးရေ ၂ သောင်းခန့် အကျိုးခံစားခွင့်ရရှိမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - ဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage