ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ပညာရေး၊ ကျန်းမာရေး အဆောက်အဦးများ လွှဲပြောင်းပေးအပ်

မကွေးတိုင်းကျေးလက် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေး လုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေး မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးနှင့်ပေါက်မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒေသခံပြည်သူများဌာနဆိုင်ရာများတက်ရောက်ခဲ့ကြ ပြီး တိုင်းဒေသကြီးပြည်သူလွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံမှ ပညာရေး၊ကျန်းမာရေး အဆောက်အဦများ လွှဲပြောင်းပေးရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းပထမနှစ် စက်ဝန်း(၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ခဲ့သော ပညာရေးနှင့်သက်ဆိုင်သော အဆောက်အဦ(၈၅)ခုနှင့် ဒုတိယနှစ်စက်ဝန်း(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ခဲ့သော ပညာရေးနှင့်သက်ဆိုင်သော အဆောက်အဦ(၂၈)ခု စုစုပေါင်း အဆောက်အဦ(၁၁၃)ခုနှင့် ပထမနှစ်စက်ဝန်း(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးနှင့်သက်ဆိုင်သည့် အဆောက်အဦ(၅)ခုတို့အား ရေရှည်တည်တံ့ခိုင်မြဲစေရန် သက်ဆိုင်ရာ ဌာနများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကာ သက်ဆိုင်ရာဌာနများမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

စိုးမိုး(မကွေး)