လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးညှိနှိုင်း

စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်န်ိုင်ရေးညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကျွဲခြံကျေးရွာရှိ KNU ဆက်ဆံရေးရုံး၌ (၂၅.၆.၂၀၁၉)ရက်နေ့နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ် Mr.Jeremy Tomlinson ၊ ကျေးလက်ဦးစီးရုံးချုပ်မှ လ/ထညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းစီမံကိိန်းတာဝန်ခံ၊ တောင်ငူခရိုင်ဦးစီးမှူး၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်မှ စီမံကိန်းတာဝန်ရှိသူများ နှင့် ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတို့၏သဘောထားအမြင်များ၊ စီမံကိန်းဆောင်ရွက်ရာတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများ ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်အစီအမံများအား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။