လူထုဗဟိုပြု စီမံကိန်းမှ ကျုံပကို ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း စတင်

NCDDP’s Village Concrte Street Construction Kicked Off at Kyon Pa Ko of Hlaingbwe

Kayin, 24 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ကျုံပကို ကျေးရွာအုပ်စု ကျုံပကို ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ ကွန်ကရစ်လမ်းက လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ၂၃,၇၀၀,၀၀၀ ကျပ်နဲ့ (အရှည် ၁၄၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ) ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းကို ဆောင်ရွက် ခဲ့ပြီးတော့ လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ် တျက် လမ်းညွှန်မှု လက်ထောက် နည်းပညာမှူး ဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထု စည်းရုံးရေးမှူး နော်ရိုစီလင်းတို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားများရဲ့ ပူးပေါင်း ပါဝင်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage