လူထုဗဟိုပြုစီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေး(Quarterly Meeting)အခမ်းအနားကျင်းပ



၁၈ရက် ဇွန်လ ၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း  ဆဋ္ဌမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေး(Quarterly Meeting)အခမ်းအနားကို (၁၈-၆-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းရုံး၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က   အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး /ပြည်နယ်များမှ  စီမံကိန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများအား ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။