ထီးလင်းမြိုနယ် တောရောင်းကျေးရွာ ဘက်စုံသုံးခန်းမဆောင်ဖွင့်လှစ်

ထီးလင်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ တောရောင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့်  ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျေးရွာခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မြင့် တို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက ကျေးရွာဘက်စုံသုံးခန်းမဆောင် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးကျော်မြင့်၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ကျွန်တော်တို့ “ တောရောင်းကျေးရွာလေးသည် အိမ်ခြေ ၅၁ အိမ်၊ လူဦးရေ ၂၅၆ ဦးရှိပြီး တောင်သားလူမျိုးများ နေထိုင်တဲ့ ရွာငယ်လေးတစ်ရွာပါ၊ ထီးလင်းမြို့နဲ့ ၁ မိုင်အကွာမှာရှိသော်လည်း ကျေးရွာပိုင်အဆောက်အုံမှာ ကျယ်ကျယ်ဝန်းဝန်းမရှိလို့ ကျေးရွာအစည်းအဝေးတွေ၊ သာရေး နာရေး၊ မင်္ဂလာဆောင်၊ အလှူအတန်းတွေ လုပ်တဲ့နေရာမှာ များစွာအခက်အခဲတွေ ရှိခဲ့ပါတယ်၊ ဒီနေ့မှာတော့ ဒီအခက်အခဲတွေကပြေလည်သွားပြီဖြစ်လို့ ကျွန်တော်တို့ကျေးရွာသူကျေးရွာသားအားလုံး ဝမ်းသာပျော်ရွှင်ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်လို့ “  ဖွင့်ပွဲတက်ရောက်လာတဲ့ ကျေးရွာဒေသခံ ဦးစံအေးက ပြောသည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောင်မှာ အလျား ၆၀ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ကိုးပေ ခြောက်လက်မရှိ  သွပ်မိုးအုတ်ညှပ် ခန်းမ ဆောင်ဖြစ်ပြီး စီမံကိန်းပံ့ပိုးငွေ(၁၀၇)သိန်းကျပ်၊ ကျေးရွာလူထုမှ ထည့်ဝင်ငွေ (၂၈.၆)ကျပ်သိန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့မှ စတင်ကာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 စိုးမိုးကျော် 09.256087268