စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) လုပ်ငန်း ညှိနှိုင်း အစည်းအဝေး နှင့် သက်ဆိုင်ရာဌာနများသို့ လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက် လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်းသည် ၂၀၁၈-၁၉ စီမံကိန်း (တတိယနှစ်) စီမံကိန်း စက်ဝန်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၃၁၇)ရွာ ၊အုပ်စု(၇၅) အုပ်စှရှိ ကျေးလက်နေ ပြည်သူများမှ ရွေးချယ်တင်ပြ လာသော စီမံကိန်းလုပ်ငန်း(ခွဲ)များအား စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည် ဖော်ရေး လုပ်ငန်ကော်မတီ နှင့် ညှိနှိုင်းအစည်းအဝေးအား ၂၅.၁.၂၀၁၉ ရက်နေ့ နံနက်(၁၀)နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းမင်းထွန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ပျော်ဘွယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးလှထူး မှ အဆိုပါ အစည်း အဝေးပြုလုပ်ရခြင်းမှာ လူထုဗဟိုပြု စီမံကိန်းဝင် ကျေးရွာအသီးသီးမှ ရွေးချယ်တင်ပြလာသော စီမံကိန်း လုပ်ငန်းခွဲများအား မြို့နယ်ရှိ သက်ဆိုင်ရာ အစိုးရဌာနများက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွှတ်တော် နှင့် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိ/မရှိ၊ ဘတ်ဂျက်လျာ ထားခြင်း၊ ကျထားခြင်းရှိ/မရှှိ စသဖြင့် စီစစ်သုံးသပ်၍ ကျေးလက်နေပြည်သူတို့၏ တင်ပြလာသော အခြေခံအဆောက်အဦ၊ လမ်း၊ တံတားဆောက်လုပ်ခြင်း စသည်ဖြင့် စီမံကိန်းလုပ်ငန်းခွဲများအား ဆောင်ရွက်ခွင့် ရရှိရေးအတွက် ညှိနှို်င်း ဆွေးနွေးရခြင်းဖြစ်ကြောင်း တည့်သွင်းပြောကြား ခဲ့ပြီး

တက်ရောက်လာသော ဌာနဆိုင်ရာ အသီးသီးများမှ ကျေးရွာလူထုမှ တင်ပြတောင်းဆိုလာသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းခွဲများအား လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ခွင့် ရှိ/မရှိ စသည်ဖြင့် စီစစ်သုံးသပ်၍ စီမံကိန်းလုပ်ငန်းခွဲများအား ဆောင်ရွက်ခွင့် ရရှိရေး ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြသည်။

ထို့နောက် ပျော်ဘွယ်မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းမှ ဒုတိယနှစ် အတွင်း အကောင်းအထည်ဖော်ဆောင် ရွက်ပြီးစီးခဲ့သော ပညာရေးဆိုင်ရာလုပ်ငန်းခွဲများ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာ လုပ်ငန်းခွဲများအား သက်ဆိုင်ရာ မြို့နယ်အခြေခံပညာရေး ဦးစီးဌာ နှင့် မြို့နယ်လျှပ်စစ်ရုံး များသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး

ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ICB – II ဖြင့် ဆောင်ရွက်ခဲ့သော ဆိုလာမီးလင်းရေး လုပ်ငန်းမှ အခြေခံပညာရေးကျောင်းများ(၁၃)ကျောင်း နှင့် ကျေးလက်ဆေးပေးခန်း(၄)ခန်းတို့တွင် ပံ့ပိုးဆောင်ရွက်ခဲ့သော ဆိုလာ နှင့် ဆပ်စပ်ပစ္စည်းများ တပ်ဆင်ဆောင် ရွက်ပြီးစီးမှု မှတ်တမ်းများအား သက်ဆိုင်ရာ မြို့နယ်အခြေခံပညာရေး ဦးစီးဌာ နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်.။