ကွင်းဆင်းစစ်ဆေးခြင်း

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဖေဖော်ဝါရီ(၂၆) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးဝင်းနှင့် ပေါင်မြို့နယ် ခေတ္တမြို့နယ် ဦးစီးမှူးတို့အဖွဲ့သည် (၂၆.၂.၂၀၁၉) ရက်နေ့တွင် သဲအိမ်ကျေးရွာအုပ်စု သစ်ခေါင်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်းတတိယနှစ်စက်ဝန်း ကွန်ကရစ်လမ်းခင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ခေတ္တမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် တပ်မှူးချောင်ကျေးရွာအုပ်စု တပ်မှူးချောင်ကျေးရွာ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်လျက် ရှိသော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ရေကန်ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့နောက်ဘိုင်လောင်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပထမနှစ်နှင့်ဒုတိယနှစ် စာရွက်စာတမ်းများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။