ချောင်းဆုံမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကျင်းပ

 

 

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊မတ်လ(၂၈)ရက်

          မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူး ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို (၂၈.၃.၂၀၁၉)ရက်နေ့တွင် ရွာလွတ်ကျေးရွာ၊ လူထုဗဟိုပြုစီမံကိန်းဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ပြည်နယ်အဆင့်၊မြို့နယ်အဆင့် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ကျေးရွာအုပ်စုအဆင့်ကော်မတီဝင်များနှင့်မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင်ပြည်နယ်စီမံကိန်းတာဝန်ခံမှအဖွင့်အမှာစကား ပြောကြား ခဲ့ပြီးစီမံကိန်း၏သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ ၊ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိမှအမျိုးသမီးများအပေါ် ရုပ်ပိုင်း ၊စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောက်ယှက်မှုဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး အမျိုးသမီးများအား ခွင့်တူညီမျှရရှိအောင် စွမ်းဆောင်ရည် များ မြှင့်တင်လာစေရန် ပြောင်းလဲမှုများကို ဖန်တီးနိုင်မည့် အကျိုးရလဒ်များ ရရှိလာနိုင် စေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်းသိရပါသည်။