ကော့ကရိတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အစည်းအဝေးပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းခွဲများ အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် စုပေါင်းဆွေးနွေး၍ အတည်ပြုချက်များရယူရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် တွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူ စုစုပေါင်း(၂၀)ဦးရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့မှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းခွဲများအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသူ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ စီမံကိန်းလုပ်ငန်းများနှင့် မထပ်စေရန်အတွက် အတည်ပြုချက်များ၊ အကြံပြုချက်များရယူလျက် ဆွေနွေးခဲ့ကြပါသည်။

ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရန်ပုံငွေကျပ် - ၃၂၈၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာအုပ်စု (၅၃)အုပ်စုမှ စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၆၅)ခုအား ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းလုပ်ငန်းခွဲများမှာ ကျေးရွာလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာ အဆောက်အဦးများ၊ ကျေးရွာခန်းမဆောင်များနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ ဖြစ်ကြပါသည်။