လူထုဗဟိုပြုစီမံကိန်း ကျွန်းစုမြို့နယ်ရှိ စီမံကိန်းကျေးရွာမှ အကြံပြုတိုင်ကြားဖြေရှင်းရေးကော်မတီဝင်များအနေဖြင့် အကြံပြုစာများကိုမြို့နယ်အကြံပြုတိုင်ကြားဖြေရှင်းရေးကော်မတီသို့လွယ်ကူလျှင်မြန်စွာပေးပို့နိုင်စေရန် ကျွန်းစုမြို့နှင့်မြိတ်မြို့ရှိအများအသုံးပြုသည့

 

လူထုဗဟိုပြုစီမံကိန်း ကျွန်းစုမြို့နယ်ရှိ စီမံကိန်းဝင်ကျေးရွာအများစုမှာ ရေကြောင်းခရီးဖြင့်ပို့ဆောင်သွားလာကြရပြီး သွားလာအလွန်ခက်ခဲသောမြို့နယ်ဖြစ်ပြီးစီမံကိန်းပထမနှစ်အတွေ့အကြုံများအရ ကျေးရွာအကြုံပြုတိုင်ကြားဖြေရှင်းရေးကော်မတီများအနေဖြင့် အကြုံပြုစာများကို မြို့နယ်အကြုံပြုတိုင်ကြားရေးကော်မတီသို့ပေးပို့ရန်အခက်အခဲများတွေ့ကြုံရသောကြောင့် ဒုတိယနှစ်စီမံကိန်းတွင်  ကျွန်းစုမြို့နှင့်မြိတ်မြို့ရှိအများအသုံးပြုသည့်ဆိ်ပ်များဖြစ်သည့် ဆိပ်ငယ်၊ တောလှေဆိပ်၊ ကြယ်ငါးပွင့်ဆိပ်နှင့် ကွန်းစုဆိပ်များတွင် အကြံပြုစာပုံးတစ်ခုစီထားရှိပေးထားပါသည်။

ယခုအခါ လူထုဗဟိုပြုစီမံကိန်း ကျွန်းစုမြို့နယ်ရှိ စီမံကိန်းကျေးရွာမှ အကြံပြုတိုင်ကြားဖြေရှင်းရေးကော်မတီဝင်များအနေဖြင့် အကြံပြုစာများကို အမြန်ယာဉ်များ၊ ကိုယ်ပိုင်လှေများမှတဆင့် မြို့နယ်အကြံပြုတိုင်ကြားဖြေရှင်းရေးကော်မတီသို့ လွယ်ကူလျှင်မြန်စွာပေးပို့နိုင်ပြီဖြစ်သည်။