လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှစ်စက်ဝန်း သုံးလပါတ်အစည်းအဝေးကျင်းပ

လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှစ်စက်ဝန်း သုံးလပါတ်အစည်းအဝေးကျင်းပ



နေပြည်တော် ၁၅ရက် ဒီဇင်ဘာလ ၂၀၁၇



စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း

ပဥ္စမနှစ်စက်ဝန်း သုံးလပါတ်အစည်းအဝေးပွဲကို (၁၅-၁၂-၂၀၁၇)ရက်နေ့ နေပြည်တော် MICC 2 Delegates2 ခန်းမတွင် နံနက်

(၉းဝ၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြား၍  ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်း/ပြည်နယ်

စီမံကိန်းတာဝန်ခံများမှ စီမံကိန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခြင်း၊ ပြည်ထောင်စုအဆင့်

ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို

ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်နှိုင်း၍ ညနေ (၅းဝ၀)နာရီအချိန်တွင် အခမ်းအနား

အောင်မြင်စွာပြီးဆုံးခဲ့သည်။