အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားပြုလုပ်

၈ မတ်လ ၂၀၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်၀န်းတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ (၈.၃.၂၀၁၉)ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို လူမှု၀န်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းလျက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်ထွေအုပ် ဦးဆန်းနုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသမီးမူဝါဒ(၄)ရပ်ကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်မှ ရှင်းလင်းပြောကြားခြင်း၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လှုပ်ရှားမှုများအား အမျိုးသမီးရေးရာဥက္ကဌ ဒေါ်အေးအေးနွယ်မှ ရှင်းလင်းပြောကြားခြင်း၊ ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျားမရေးရာ လိုအပ်ချက်(၆)ချက်ကို ကျားမရေးရာတာ၀န်ခံ စောကစ်ဆင်ဂျာလင်းမှ ရှင်းလင်းတင်ပြခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများအားလုံး အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကော့ကရိတ်မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖတ် လူမှုအဖွဲ့အစည်များမှ ကိုယ်စာများ၊ ကျေးရွာစီ/ထောက်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခြင်းကြောင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ကြသော ကျေးရွာစီ/ထောက်ကော်မတီဝင်များအနေဖြင့် အစိုးရဌာနဆိုင်ရာများ၊ အရပ်ဖတ် လူမှုအဖွဲ့ အစည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုများ ပိုမိုရရှိခဲ့သည့်အပြင် လူထုဗဟိုပြုစီမံကိန်း၏ ကျားမရေးရာ အရေးပါပုံများ၊ ကျေးရွာအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဏကို မြှင့်တင်ပေးခြင်း၊ အမျိုးသမီး ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေခြင်း၊ လုံခြုံစိတ်ချသော အမျိုးသမီးဘဝများ ရရှိစေခြင်း စသော အသိအမြင်များ ရရှိကြပါသည်။