မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ် ဆွေးနွေးပွဲကျင်းပ

မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ် ဆွေးနွေးပွဲကျင်းပ

မဟာ (နွားထိုးကြီး)

နွားထိုးကြီး ဇူလိုင် ၁၁

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင် ့ကမ္ဘာ့ဘဏ်တို့ ပှုးပေါင်းဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်းအား၊ နွားထိုးကြီးမြို့နယ်တွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တတိယနှစ်စက်ဝန်းအတွက် “မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သောသုံးသပ်”ဆွေးနွေးပွဲ အခမ်အနားကို ဇူလိုင်လ (၁၁)ရက် နံနက်(၉)နာရီက အမှတ်(၅)ရပ်ကွက် အင်ကြင်းကမ္ဘာခန်းမ၌ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးမှ စီမံကိန်းအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် နွားထိုးကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်မှ လူထုဗဟိုပြုစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးကိုတက်ရောက်လာ သော ကျေးရွာကော်မတီများမှ အုပ်စု(၇)စုခွဲ၍ အဖွဲ့လိုက် ဆွေးနွေးအကြံပြုခဲ့ကြ၍ ဆွေးနွေး အကြံပြုချက်များကို တစ်ဖွဲ့ခြင်းစီးမှ ရှင်းလင်းတင်ပြခဲ့သည်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြနန်းစိုးအောင်က ဆုရွေးချယ်မှုကိုရှင်းလင်းပြီး ကျေးရွာအုပ်စု အကောင်းဆုံး အကောင်အထည်ဖေါ်ဆောင်မှု ပထမဆုကို တာပါယ်ကျေးရွာအုပ်စု၊ဒုတိယဆုကို ကဒေါင်းကျေးရွာအုပ်စု၊တတိယဆုကို ပြင်စည်ကျေးရွာအုပ်စုတို့မှလည်းကောင်း၊ကျေးရွာတစ်ရွာခြင်း အလိုက် အကောင်းဆုံးအကောင်အထည်ဖော်ဆောင်မှု့ ပထမဆုကို မြတောင်ကျေးရွာ၊ ဒုတိယဆုကို ကံကြီးကျးရွာနှင့်တတိယဆုကို ဂွေးပင်တေကျေးရွာတို့အား တာဝန်ရှိသူအသီးသီးမှဆုများချီးမြှင့် ပေးခဲ့သည်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်း မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စီမံကိန်းဝင်ကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်းသိရသည်။