ရေတာရှည်မြို့နယ်၊ ဝါးတောကြီးကျေးရွာ လူထုစစ်ဆေးပွဲ ကျင်းပပြလုပ်ခြင်း

 

                   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဝါးတောကြီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း လူထုစစ်ဆေးပွဲကို (၁၁.၃.၂၀၁၉)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဝါးတောကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြလုပ်ခဲ့ပါသည်။

                   အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူထုစည်းရုံးရေးမှူး ဦးလှိုင်ဝင်းထွန်းမှ လူထုစစ်ဆေးပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

                  ထို့နောက် ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ ၎င်းတို့တာဝန်ယူလုပ်ဆောင်ခဲ့သည့် ကျောင်းခြံစည်းရိုး၊ စက်ဘီးထားရာနေရာ၊ ကျောင်းရှေ့ကွက်လပ်ကျောက်ရောမြေခင်းခြင်း၊ ကွန်ကရစ်လမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့်ကြီးကြပ်ရေး၊ လည်ပတ်ထိန်းသိမ်းရေး စသည့် ကဏ္ဍတစ်ခုချင်းစီးအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျေးရွာလူထုများမှလည်း စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့်ရလဒ်များအပေါ် ဆန္ဒမဲပေးကြကာ စီမံကိန်းလုပ်ငန်းအပေါ် အကြံပြချက်များ ထုတ်ဖော်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။