တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု၊ငါးရံ့အင်းကျေးရွာတွင်လူထုဗဟိုပြုစီမံကိန်းဖြင့်ဆောင်ရွက်သောအခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေ:ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသောလူထုဗဟိုပြုစီမံကိန်းဖြင့် တနင်္သာရီတိုင်း​ဒေသကြီး၊တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု၊ငါးရံ့အင်းကျေးရွာတွင်အကောင်အထည် ဖော်ဆောင်ရွက်သောအခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို(၁၉.၅.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ကာအခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအားကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေ:ဦးစီးဌာနမှမြိတ်ခရိုင်ဦးစီးမှူးဦးအေးနိုင်၊မြို့နယ်ဦးစီးမှူးဦးညီညီဝင်းနှင့် မြို့နယ်ပညာရေးမှူးဦးကျော်ရှိန်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးမြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင်ဦးဇော်လူထက်ကငါးရံ့အင်းကျေးရွာရာအိမ်မှူးထံသို့ကျောင်းဆောင်သစ်နှင့်ပတ်သက်သောစာရွက်စာတမ်းများအားလွှဲပြောင်းပေးအပ်ခဲ့ပါသည်။