လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု များကွင်းဆင်းစစ်ဆေးခြင်း

၂၄.၁.၂၀၁၈(မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်)

မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်လျှက်ရှိသော ဆယ်ပလာကျေးရွာ အုပ်စု၊ဆယ်ပလာကျေးရွာ၊ စီမံကိန်းထောက်ပံ့ငွေကျပ် (သိန်း၂၁၀)ဖြင့် (၂၃.၁.၂၀၁၈)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သစ်သားတံတားတည်ဆောက်ခြင်း လုပ်ငန်း (ပြီးစီးမှု%(၂၀%))၊ မုရစ်ကလေးကျေးရွာအုပ်စု ၊မုရစ်ကလေးကျေးရွာ၊ စီမံကိန်း ထောက်ပံ့ငွေကျပ် (သိန်း၂၄၀)ဖြင့် (၁၈.၁.၂၀၁၈)ရက်နေ့မှ လုပ်ငန်းစတင်ခဲ့သော အ.မ.က ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း( ပြီးစီးမှု%(၁၅%))တို့အား  ဇန်နဝါရီလ (၂၄)ရက်နေ့တွင်  သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။