သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးပွဲကျင်းပ(နေပြည်တော်)

၁-၆-၂၀၁၇

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ နံနက် (၉ နာရီမှ ၁၂နာရီထိ) MICC-2 နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ စီမံက်န်းအကြောင်း မိတ်ဆက်ရှင်းလင်း၍ သဘာပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (မူကြမ်း)အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ မူဘောင်နှင့် ပတ်သက်သည့် သဘာဝပတ်ဝန်ကျင်း ဌာနမှ တာဝန်ရှိသူများ CSOs INGOs NGOs လွှတ်တော်ကိုယ်စာလှယ်များ စီမံကိန်းမြို့နယ် တာဝန်ခံများ (၁၂၈)ဦးတက်ရောက ်ကြပြီး အစည်းအဝေးတက်ရောက်လာသူများ ထဲမှ သိလိုသည်မေးမြန်းပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

နိဂုံးချုပ် အနေဖြင့် ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ အမှာစကား ပြောကြား၍ အစည်းအဝေးအား ပိတ်သိမ်းခဲ့ပါသည်။