မြေနီကုန်းကျေးရွာ၏ခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနား

လွိုင်ကော် ဧပြီ ၉

လွိုင်ကော်-ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင် အထည်ဖော်ဆောင်ရွက်သော နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာ၏ ခန်းမဆောင် သစ်ဖွင့်ပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား ခြင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးမှ စီမံကိန်းအကြောင်းရှင်းလင်းပြောကြား ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းနှင့်ပတ် သက်၍ရှင်းလင်းပြောကြားခြင်း၊ ထို့နောက်ကျေးရွာအုပ်စုဥက္ကဌမှ ကျေးဇူးတင်စကားပြန် လည် ပြောကြားခဲ့ပါသည်။ ကျေးရွာများရှိ ယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာအကဖြင့်ဖျော်ဖြေ ခဲ့ကြပါသည်။ ကျေးရွာခန်းမဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက် လာသူများမှ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမဆောင်သစ်မုခ်ဦးအား နံ့သာရည်ဖြင့်ပက်ဖြန်းကာ အခမ်းအနားအားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။