ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းပညာရေး၊ကျန်းမာရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့လွှဲပြောင်းပေးခြင်းအခမ်းအနားကျင်းပ

သာပေါင်း၊ ဖေဖော်ဝါရီလ (၂၇) ရက်

       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် ပညာရေး၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့လွှဲပြောင်းပေးခြင်းအခမ်းအနားအား (၂၇.၂.၂၀၁၉) ရက်နေ့၊  နံနက် (၁၀:၀၀) အချိန်တွင်  သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းရုံးတွင် ကျင်းပပြုလုပ်ရာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးမှ အဖွင့်အမှာစကားပြောကြား၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် အခြားမြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့်အထာက်အကူပြုရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ပါသည်။