တောင်သူဌေးကုန်းကျေးရွာကျေးရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်း လူထုစစ်ဆေးပွဲအခမ်းအနားကျင်းပခြင်း

ဘီးလင်းမြို့နယ်၊ဖေဖော်ဝါရီ(၂၆)

          ဘီးလင်းမြို့နယ်၊ ဘုရားဆိပ်ကျေးရွာအုပ်စု၊ တောင်သူဌေးကုန်းကျေးရွာ၌ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်သောအရှည် ၄၇၈ပေ၊  အကျယ်(၈) ပေ၊ ထု (၈)လက်မအတိုင်းအတာရှိသောရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ လူထုစစ်ဆေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်အဆင့်စီမံကိန်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအဆင့် ကော်မတီဝင်များနှင့် ကျေးရွာသူ၊သားများတက်ရောက်ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံကိန်းတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူထုစစ်ဆေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ခဲ့ပုံများကို ကဏ္ဍအသီးသီး အလိုက်ရှင်းလင်းချက်များအားကျေးရွာကော်မတီဝင်များမှရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီမံကိန်းလုပ်ငန်းနှင့်ရလဒ်များအပေါ် စိတ်ကျေနပ်မှုရှိ၊မရှိကိုမဲစနစ်ဖြင့် ဆောင်ရွက်ကာ မဲရလဒ်များ အား ပြန်လည်ကြေငြာခဲ့ပြီးစီမံကိန်းအပေါ် အကြံပြုဆွေးနွေးမှုများကိုလူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများ၏ ဦးဆောင်မှုဖြင့် တက်ရောက်လာကြသောကော်မတီဝင်များ၊ ရွာသူ/ရွာသားများမှ ဆွေးနွေးမှုများပြုလုပ်ကာစည်းရုံးရေးမှူးဝန်ထမ်းများမှ ဆွေးနွေးချက်များ အား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။