ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကုန်းကလေးကျေးရွာအုပ်စုတွင် Information Campaign ဆောင်ရွက်မှု

  ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ်တွင် သတင်းဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်မှုပိုမိုအားကောင်းလာစေရန်အတွက် ကုန်းကလေးကျေးရွာအတွင်းရှိ ကျေးရွာ(၇)ရွာမှ  မူလတန်းအဆင့် ကျောင်းသူကျောင်းသား (၃၀)ဦးတို့မှ ကျေးလက်လူထုအခြေပြုဖွံ့ဖြိုးမှုကိုတို့ရှေးရှု ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ၊ စီမံကိန်းနှင့်ပတ်သက်သည့်ကဗျာပြိုင်ပွဲ၊ ကျေးရွာ (၇)ရွာမှ တစ်ရွာလျှင် သီချင်း (၅)ပုဒ်ဖြင့် စတိတ်ရှိုးကျင်းပ၍ စီမံကိန်းနှင့်ပတ်သက်သော မေးခွန်းများကို ကော်မတီဝင်များနှင့် ကျေးရွာသူ/သားများအား မဲနှိုက်၍ အဖြေမှန်သူများအားဆုချီးမြှင့်ပေးပါသည်။