ဇုတ်သုတ်ကျေးရွာ ရွာမမူလွန် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပြခြင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ဒုတိယနှစ်စက်ဝန်းအတွင်း  ဆောင်ရွက်ပြီးစီးခဲ့သော မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ဇုတ်သုတ်ရွာမ မူလွန် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို (၂၆-၁၁-၂၀၁၈) ရက်နေ့က ကျင်းပခဲ့ပါသည်။

            အခမ်းအနားသို့  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်၊ သထုံခရိုင်ဦးစီးမှူး ဦးမိုးဝင်း၊ သထုံခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများ ကျေးရွာသူ၊ကျေးရွာသားများတက်ရောက်ကြပါသည်။

            ဖွင့်ပွဲအခန်းအနားကို ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်းဆရာတော်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမင်း ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်၊ ဇုတ်သုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

            ယင်းနောက် ညွှန်ကြားရေးမှူး ဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်ဦးစီးမှူး ဦးမင်းထောစံက စီမံကိန်းလုပ်ငန်းအကြောင်းရှင်းလင်းပြောကြားကာ သထုံခရိုင်ပညာရေးမှူး ဦးသိန်းဝင်း မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။