မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ဇုတ်သုတ်ကျေးရွာသို့ဒုတိယညွှန်ကြားရေးမှူးချုပ်မှကွင်းဆင်းလေ့လာခြင်းခရီးစဉ်

                စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု  ဇုတ်သုတ်ကျေးရွာသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ နှစ်ထပ်မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးခြင်း အခြေနေအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကော်မတီဝင်များနှင့် အပြန်လှန် ဆွေးနွေးခြင်းများကို (၇.၁၁.၂၀၁၈) နေ့တွင်ပြုလုပ်ခဲ့ပါသည်။

               ခရီးစဉ်တွင် မွန်ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးမောင်၊ ပြည်နယ်စီမံကိန်းတာဝန်ခံ၊ ခရိုင်ဦးစီးမှူး နှင့် မြို့နယ်ဦးစီးမှူးတို့က လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။                 မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ဇုတ်သုတ်ကျေးရွာသို့ဒုတိယညွှန်ကြားရေးမှူးချုပ်မှကွင်းဆင်းလေ့လာခြင်းခရီးစဉ်